နိုင်ငံရေးအကျဉ်းသားလူငယ်တစ်ဦး အင်းစိန်ထောင်အတွင်း သေဆုံး
အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့် (ခေါ်) အားကျယ်ဟာ နှလုံးရောဂါနဲ့ စက်တင်ဘာလ ၂၄ ရက်က သေဆုံးသွား တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ ထောင်အာဏာပိုင်တွေက ကိုမင်းဟိန်းခန့် သေဆုံးသွားတဲ့အကြောင်းကို မနေ့ ညနေပိုင်းမှာ မိသားစုဝင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ မိသားစုဝင်တွေ ရုပ်အလောင်းကိုတွေ့ရဖို့ အင်းစိန်ထောင်ကို လိုက်သွားကြတယ်လို့ ဆိုပါတယ်။ အဖမ်းမခံရခင်မှာ ကိုမင်းဟိန်းခန့်က ကျန်းကျန်းမာမာဖြစ်ပေမယ့် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရသလို ထောင်ထဲရောက်မှ ရခဲ့တဲ့ နှလုံး ရောဂါအတွက်လည်း လုံလောက်တဲ့ ဆေးကုသခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူ နှလုံးရောဂါဖြစ်တာ သိတာက ငါးလပိုင်းမှာပေါ့နော်။ သူ မူးလဲတော့ […]