၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၂)ရက်မှ (၃၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ကယားပြည်နယ် ၊စစ်ကိုင်းတိုင်း တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ဒေသခံ ၄ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၁ဦး နှင့် အသက်မပြည့်သေးသည့် ကလေး ၂ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့သည်။ ပြည်သူများကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်းများ ဆက်လက် ကျုးလွန်လျှက်ရှိသည်။