ကြေငြာချက်နှင့်သတင်းထုတ်ပြန်ချက်များ

လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ

ယနေ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ရန်ကုန်မြို့တွင် ထုတ်ပြန်သည့် ဘားမားလင့်ခ်၊ မြန်မာ့အရေး

“လူမသိသူမသိဘဝများ - မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း

“လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဘားမားလင့်ခ်၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ နှင့် မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း တို့မှ “လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” ဟု အမည်ပေးထားသည့် အစီရင်ခံစာအသစ်အား ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းနယ်စပ်တစ်လျှောက် နေထိုင်နေကြသော ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် မွန်တိုင်းရင်းသားများ၏ ဆက်လက်စိုးရိမ်ပူပန်နေရမှုများအား အလေးပေးဖော်ပြထားပါသည်။ လတ်တလော ပြုပြင်ပြောင်းလဲမှုများသည် ယင်းအရှေ့တောင်ပိုင်းမှ အိုးအိမ်စွန့်ရွှေ့ပြောင်းဒုက္ခရောက်ရမှုများ၏ အကြောင်း တရားများကို အလုံအလောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို ဤအစီရင်ခံမှ တွေ့ရှိထားပါသည်။ နေ့ရက် – ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်။ အချိန် – နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ။ နေရာ –

ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) နှင့်ဥပဒေအထောက်အကူပြုက ွန်ရက်(LAN) တို့၏ သတင်းထုတ်ပြန်ချက်

နေ့စွဲ။ ။၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်။ မြန်မာ့တပ်မတော်ပါဝင်ပတ်သက်သည့် ကချင်အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်၊ သတ်ဖြတ်မှု အပေါ် စနစ်တကျ ဖုံးကွယ်ထားမှုအား၊ ဖော်ထုတ်လိုက်သည့် အစီရင်ခံစာသစ်။ ရှမ်းပြည်မြောက်ပိုင်း၊ ကောင်းခါးကျေးရ ွာတ ွင်၊ လ ွန်ခ ဲ့သည့်တနှစ်တိတိက၊ မြန်မာ့တပ်မတော်ပါဝင်ပတ်သက်သည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး စနစ်တကျ ဖုံးက ွယ်ထားမှုအား၊ အစီရင်ခံစာတ ွင်ဖော်ထုတ်တင်ပြထားသည်။ ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေအထောက်အကူပြုက ွန်ရက်(LAN) တို့ကမျက်မြင်သက်သေများ၏ ထ ွက်ဆိုချက်များအပေါ် လေ့လာသုံးသပ်ပြီး၊ အမှုတ ွင်အဓိက သံသယရှိသူအဖြစ် ကောင်းခါးကျေးရ ွာတ ွင် ယာယီတပ်စ ွ ဲခ ဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူးနှင့် သူ၏အထက်အရာရှိများက၊ အဆိုပါ အမှုကို ရ ဲတပ်ဖ ွ ဲ့မှ စုံစမ်းမှုအပေါ် မည်သို့ တားဆီး၊ နှောင့်ယှက်ပုံတို့ကို ဖော်ပြထားသည့် “တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ” အမည်ရသည့် အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးလာနေသည့် အချိန်ကာလတွင် မြန်မာအစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရန်မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် နှိပ်ကွပ်နေခြင်းအား ရပ်တန့်ရန်သာ ဖြစ်သည်။ (ရန်ကုန်မြို့ -၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့) မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား ပစ်မှတ်ထား ဖိနှိပ်ခြင်း၊ ချုပ်ခြယ်ခြင်း၊ နှိပ်ကွပ်ခြင်းနှင့် လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော် ခြင်း မပြုနိုင်ဘဲ အသံတိတ်သွားစေရန်

ကျောင်းမုခ်ဦးနံရံတွင် ဆေးမှုတ်ရေးသား ဆန္ဒပြတောင်းဆိုခဲ့သော ကျောင်းသားများ လွတ်မြောက်ရေး အေအေပီပီနှင့် FPPS မှ တောင်းဆို

ရက်စွဲ- ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် မန္တလေးမြို့ အိုးဘိုထောင်၌ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် ဖမ်းဆီးခံကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ဉာဏ်လင်းထက် တို့နှင့်စပ်လျဉ်းပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) မှ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ထိုကျောင်းသားလေးဦးတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အာမခံလျှောက် ထားရာ ပါယ်ချခံခဲ့ရပြီး ထိုသို့ပါယ်ချခံခဲ့ရသည့်အတွက် ၎င်းတို့ကျောင်းသား လေးဦးထဲမှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေ အစာငတ်ခံဆန္ဒပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံရခြင်းဖြစ်ကြောင်း မိမိတို့သိရှိရပါသည်။ မန္တလေးမြို့ ရတနာပုံတက္ကသိုလ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) အဖွဲ့ဝင် လေးဦးတို့သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းမုခ်ဦးအရှေ့၌ နံရံမှုတ်ဆေးများ အသုံးပြုပြီး “အမျိုးသား ပညာရေးဥပဒေ အလိုမရှိ” “သာယာဝတီအကျဉ်းထောင်အတွင်း ဖမ်းဆီးထားသော ကျောင်းသားများအား ချက်ခြင်းလွှတ်” “စစ်တစ်ပိုင်း အစိုးရ ကျဆုံးပါစေ” စသည့်တောင်းဆိုချက်များ ရေးသားခဲ့သည့်အတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရက်စွဲ၊ ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၉၆၆ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုလည်း ဖေါ်ပြပါရှိသည်ကို တွေ့ရပါသည်။အထက်ပါ ရည်ရွယ်ချက်များဖြင့် အကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသော တိုင်းရင်သားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို အဓိက ဦးစားပေးလွှတ်ပေးရမည်ဖြစ်သည်။ သို့သော်လည်း လွတ်မြောက်အကျဉ်းသား ၇၀ဝ၀ နီးပါးတွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာပါဝင်သည်မှာ အလွန်နည်းပါသော အရေအတွက်ဖြစ်သည့်အပြင် ရည်ရွယ်ချက်နှင့် ဆန့်ကျင်လျှက်ရှိနေပေသည်။နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် ဆိုပြီး တိုင်းပြည်သံယံဇာတ များအား ခိုးယူခဲ့သည့် သစ်ခိုးဂိုဏ်းကြီးမှ ၁၅၅

တရားမျှတမှုကို ခြေရာကောက်ခြင်း -မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရန်အတွက် အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ရသော နစ်နာသူပြည်သူများ၏ လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက

အပြစ်မဲ့တအာင်းပြည်သူတစ်ဦးကို ပန်ဆေးပြည်သူ့စစ်မှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုအပေါ်  အာဏာပိုင်များမှ ထိထိရောက်အရေးယူဆောင်ပေးခြင်းမရှိ ၂၄ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၂ခုနှစ် သတင်းထုတ်ပြန်ချက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးအခြေစိုက် ကျန်လုနှင့် ကျန်ကွေရှင်တို့ ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖားပြန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးဖြစ်သည့် ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား အပြစ်မရှိဘဲ လက်ထိပ်ခတ်ပစ်သတ်ပြီး လူမဆန်စွာ ရက်ရက်စက်မသေမချင်း ရိုက်နှိက်ခဲ့သည်ဟု သိရှိရပါသည်။

မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်း

သတင်းထုတ်ပြန်ချက်အောက်တိုဘာလ ၊ ၂၅ရက်၊ ၂၀၁၁ခုနှစ်မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင်ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်းပလောင်အမျိုးသမီး အစည်းအရုံး (္စ္တဥ) ၏ အသစ်ထုတ်ပြန်သည့် အစီရင်ခံစာတွင်မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်တွင်းရှိ ပလောင်ဒေသများတွင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသိသိသာသာ တိုးတက်လာနေကြောင်း ဖော်ပြထားခဲ့ပါသည်။ ဤဒေသသည် မြန်မာစစ်တပ်က ကျောထောက်နောက်ခြုံပထားသည့်