သတင်းထုတ်ပြန်ချက်များ

စောကွယ်စေး (ခ) Kyaw Kweh ကွယ်လွန်သွားခြင်းအပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် Burma Issues မှ စောကွယ်စေး (ခ) Kyaw Kweh (၄၃နှစ်) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက် (တနင်္လာနေ့) နံနက် ၅ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။ စောကွယ်စေးသည် ၁၉၉၀ ခုနှစ် Burma Issues / Peace Way Foundation Burma စတင်ဖွဲ့စည်း ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး Country Coordinator, Planning Committee, Advocacy and Campaign Coordinator စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တွင်လည်း စတင်ဖွဲ့စည်းစဉ်ကတည်းက အစဉ်တစိုက် ပူးပေါင်းပါဝင်ခဲ့သူတဦးဖြစ်ပြီး စီမံအဖွဲ့ဝင်၊ အကြံပေးအဖွဲ့ဝင်၊ သင်တန်းနည်းပြ စသည့် တာဝန်များကို တက်ကြွစွာ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ (ဇန္နဝါရီ မှ ဇွန်လ ၂၀၁၆)

သတင်းထုတ်ပြန်ချက် ND-Burma မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည့်အပေါ် အစီရင်ခံစာထုတ်ပြန်ခြင်း ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ၂၀၁၆ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုကို

ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့တွင် ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်ရေး လူ့အခွင့်အရေးမှတ်ကွန်ရက် (ND-Burma) တောင်းဆို

၂၀၁၆ ခုုနှစ်၊ ဇွန်လ ၂၆ ရက်။ ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့ ဖြစ်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်၊ မြန်မာနိုုင်ငံ (ND-Burma) အနေဖြင့် ကမ္ဘာတဝှန်းရှိ သိန်းနှင့်ချီ သည့် ညှဉ်းပန်းနှိပ်စက်ခံရသူများ၊ ၄င်းတို့၏မိသားစုဝင်များနှင့် သွေးစည်းညီညွတ်နှင့် ထောက်ခံပံ့ပိုးမှုကို ပြသလိုုက်ပါသည်။ ယခုလိုအခါသမယတွင် ညှဉ်းပန်းနှိပ်စက်မှုများ မြန်မာနိုင်ငံ၌ ဆက်လက် ကျူးလွန် ဖြစ်ပေါ်နေသည်ကိုု မီးမောင်းထိုုးပြရန် အရေးကြီးသည်ဟု မှတ်ယူပြီး၊ ထိုုသိုု့ကျူးလွန်မှုများ ရပ်တန့်စေရေး အတွက် အစိုုးရအနေဖြင့်လည်း အရေးယူဆောင်ရွက်မှုများ ချက်ခြင်းဆောင်ရွက်ရန် တောင်းဆိုုပါ သည်။ မြန်မာနိုုင်ငံတွင် နိုုင်ငံရေးအရ သဘောထားကွဲပြားသူများအပေါ် ဖိနှိပ်ရန်အတွက် မွေးရာပါ လူ့အခွင့်အ ရေး၊ လူ့ဂုုဏ်သိက္ခာအား လေးစားလိုက်နာခြင်း မရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုကို လက်နက်သဖွယ် အသုံးပြု နေဆဲဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နစ်နာခဲ့ရသူများ၏၊ စိတ်ပိုင်းနှင့် ရုပ်ပိုုင်းဆိုင်ရာအပေါ် ရှည် ကြာသည့် ဆိုးကျိုး၊ သက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အပြင် နာတာရှည် စိတ်ဒဏ်ရာများ ခံစားရသည် ကိုလည်း မကြာခဏတွေ့ရသည်။

​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း

​သ​တင်း​ထုတ်​ပြန်​ချက် ​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း​ကွန်​ရက်-​မြန်​မာ​နိုင်​ငံ (ND-Burma) ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း ​ရက်​စွဲ။ ။ ၂၀၁၆ ​ခုု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ၊ ၂၉  ​ရက်။ ၂၀၁၅ ​ခုု​နှစ် ​ဇန်​န​ဝါ​ရီ​မှ ​ဒီ​ဇင်​ဘာ​အ​ထိ ​မြန်​မာ​နိုုင်​ငံ​အ​တွင်း ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု ၈၄ ​ခု​ကို ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​ကို ​ယ​နေ့​ထုတ်​ပြန်​လိုက်​သည်။

ဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) ၏ အစီရင်ခံစာ သတင်းထုတ်ပြန်ချက် သြဂုတ်လ ၁၄ ရက်၊ ၂၀၁၄ ခုနှစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို မှတ် တမ်းတင်ထားသည့် အစီရင်ခံစာအား

မြေယာသိမ်းဆည်းမှုအပါအဝင်  မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု (ဧပြီ - စက်တင်ဘာ ၂၀၁၂ ခုနှစ်)

မြေယာသိမ်းဆည်းမှုအပါအဝင်  မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ တင်ပြထားသော လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၏ အကျဉ်းချုပ်အစီရင်ခံစာ။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် ၂၀၁၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကောက်ယူရရှိခဲ့သော မြေယာသိမ်းဆည်းမှုအပါအဝင် လတ်တလောလူ့အခွင့်အရေး ချိုဖောက်မှုများကို သုံးသပ်တင်ပြထားသော လူ့အခွင့်အရေး ကာလအပိုင်းအခြားအလိုက်အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအတွင်း အစိုးရနှင့် ၎င်း၏ထောက်ခံသူများ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၄ ခုကို မှတ်တမ်းတင်ဖေါ်ပြထားသည်။ ချိုးဖောက်မှုများအနက် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ၂၇ ခု၊ မြေယာသိမ်းဆည်းမှု ၂၆ ခုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၂၁ ခုတို့ပါဝင်သည်ကိုတွေ့ရသည်။ ချိုးဖောက်မှုများသည် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရစစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်သည်ကို လေ့လာ တွေ့ရှိခဲ့သည်။ ကွန်ရက်၏ ကွင်းဆင်းအချက်အလက်ကောက်ယူမှုများမှ ရရှိသော အချက်အလက်များအရ မြေယာသိမ်းဆည်းမှုနှင့် ပိုင်ဆိုင်မှုပစ္စည်းဖျက်ဆီးခံရခြင်းချိုးဖောက်မှုများ နေရာကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ကိုတွေ့ရသဖြင့် လတ်တလော မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာများတွင် ဖေါ်ပြနေသော သတင်းပေးပို့ချက်များနှင့်လည်း ထပ်တူကျ တူညီနေသည်ကို တွေ့ရသည်။ ၂၀၁၂ခုနှစ်လယ်ယာ မြေဥပဒေ၏ အားနည်းချက်ကြောင့် အစိုးရနှင့် ၎င်းနှင့်နီးစပ်သောစီးပွားရေး

၃၁ မေလ ၂၀၁၂ ၂၀၁၀ ခုနှစ်နိုဝင်ဘာလ ရွေးကောက်ပွဲမှစ၍ မြန်မာနိုင်ငံအတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက် ပြုကျင့်မှုများကို မှတ်တမ်းတင်ထားသော အစီရင်ခံစာသစ် တစောင် ထုတ်ပြန်လိုက်ခြင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် ၂၀၁၀ ခုနှစ်နိုဝင်ဘာလ ရွေးကောက်ပွဲမှစ၍ မြန်မာအစိုးရ ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက်ပြုကျင့်မှု များကို မှတ်တမ်းတင်ထားသော အစီရင်ခံစာ သစ်တစောင်အား ဘန်ကောက်တွင် ယနေ့ ထုတ်ပြန်လိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညဉ်းပန်းနှိပ်စက်မှုများ နှင့် အနိုင်အထက် ပြုကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း

၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညဉ်းပန်းနှိပ်စက်မှုများ နှင့် အနိုင်အထက် ပြုကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် ၂၀၁၀ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးမှစ၍ မြန်မာအစိုးရက ကျူးလွန်ခဲ့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက်ပြုကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော အစီရင်ခံစာအသစ်တစောင် ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာကို မေလ ၃၂ ရက်နေ့ ကြာသပတေးနေ့ မနက် ၁၀ း ၃၀ နာရီနိုင်ငံခြားသတင်းထောက်များကလပ် (ထိုင်းနိုင်ငံ) The Foreign Correspondents’ Club of ThailandPenthouse, Maneeya Center, 518/5 Ploenchit Road, Bangkok

(connected to the BTS Skytrain Chidlom station) တွင် သတင်းစာရှင်းလင်းပွဲနှင့်အတူ ထုတ်ပြန်သွားမည်ဖြစ်သည်။ “တရားလွန်ပြုကျင့်မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညဉ်းပန်းနှိပ်စက်မှုများ နှင့် အနိုင်အထက် ပြုကျင့်မှုများ” အမည်ရသော အစီရင်ခံစာတွင် အကျဉ်းထောင်များ၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သော

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ဖြစ်ပေါ်နေဆဲ။

(မေ ၉ ၂၀၁၂) လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သည် သမ္မတဦးသိန်းစိန် နှင့် သူ့အစိုးရ တာဝန်စယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ မှ ၂၀၁၂ ခုနှစ် မတ်လ အစိုးရသက်တမ်းတနှစ်အတွင်း လူ့အခွင့်အရေးအခြေအနေများကို မီးမောင်းထိုးပြသည့် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရ နှင့် အစိုးရထောက်ခံသူများက ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှု ၄၁၅ ခုကို မှတ်တမ်းတင်ထားသည်။ ချိုးဖောက်များအား အမျိုးအစားအရကြည့်ပါက ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ် ၈၅ ခု၊ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှု ဖြစ်ရပ် ၅၉ ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ဖျက်ဆီးခံရခြင်း ဖြစ်ရပ် ၁၁၄ ခု ရှိသည်ဟု တွေ့ရသည်။ “အခုအစီရင်ခံစာမှာပါတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအရေအတွက်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက အစိုးရရဲ့ အပြောင်းအလဲတွေအပေါ် ဝိုင်းဝန်းချီးကျူးနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရရဲ့ အားထုတ်ဆောင်ရွက်ချက် တွေကို ကျမတို့ ကြိုဆိုထောက်ခံပါတယ်။ ဒါပေမယ့် အားလုံးတပြေးညီ

လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ

လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ မြန်မာနိ်ုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်ဟု ထောက်ပြလိုက်ခြင်း။ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) က ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများ မှတ်တမ်းတင်ထားသော အစီရင်ခံစာတစောင် ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံအဝှမ်း ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုအတွင်း အစိုးရ နှင့် ၎င်းထောက်ခံသူများက ကျူးလွန်သော လူ့အခွင့်အရေးချိုဖောက်မှုဖြစ်ရပ် ၂၆၁ ခုကို မှတ်တမ်းတင်ထားသည်။ ညှဉ်းပန်းနှိပ်စက်မှု ချိုးဖောက်မှု ၆၅ ခု၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း ချိုးဖောက်မှု ၅၇ ခု နှင့် ပိုင်ဆိုင်မှု ပစ္စည်းသိမ်းယူခြင်း၊ ဖျက်ဆီးခြင်း ချိုးဖောက်မှု ၄၄ ခုကို မှတ်တမ်းတင်ထားသည်။ အဆိုပါ ချိုးဖောက်မှုများသည် တိုင်းရင်းသား ဒေသများအတွင်း စစ်ရေးအရတိုးချဲ့မှုများ၊ ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် စီးပွာရေး ဖွံ့ဖြိုးမှု စီမံကိန်း ကြီးများကြောင့်ဖြစ်သည်။ ” မြန်မာပြည်မှာ ပြောင်းလဲမှုတွေဖြစ်နေတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှ အစိုးရတပ်ဖွဲ့တွေက