Uncategorized

တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ

သတင်းဌာနများ ရှမ်းပြည်နယ်တွင်၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံခဲ့ရသည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ဦး၏ နှစ်ပတ်လည်နေ့တွင် ကချင်အမျိုးသမီးများအစည်းအရုံးထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေအထောက်အကူပြုကွန်ရက် (LAN) တို့က “တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ” အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ဒေသခံ မျက်မြင်သက်သေများအား တွေ့ဆုံမေးမြန်းချက်များနှင့် စိတ်ဝင်စားဖွယ်ရာ သက်သေခံချက်များအရ အမှုကို မြန်မာ့တပ်မတော်မှ ကျူးလွန်ခြင်းနှင့် ၄င်းတို့ ပါဝင်ပတ်သက်မှုကို စနစ်တကျဖုံးကွယ်ထားမှုတို့အကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ နေ့စွဲ။ ။၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် အချိန်။ ။နံနက် ၁၀ နာရီ နေရာ။ ။နိုင်ငံခြားသတင်းထောက်များအသင်း၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ။ ဆက်သွယ်ရန် ဆိုင်းဇင် +၆၆ (ဝ)၈၄၆၁၄၂၃၃၀ မွန်းနေလီ +၆၆ (၈)၅၅၂၃၃၇၉ ၁ Justice-Delayed-Justice Denied-(Embargo)

ကျောင်းမုခ်ဦးနံရံတွင် ဆေးမှုတ်ရေးသား ဆန္ဒပြတောင်းဆိုခဲ့သော ကျောင်းသားများ လွတ်မြောက်ရေး အေအေပီပီနှင့် FPPS မှ တောင်းဆို

ရက်စွဲ- ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် မန္တလေးမြို့ အိုးဘိုထောင်၌ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် ဖမ်းဆီးခံကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ဉာဏ်လင်းထက် တို့နှင့်စပ်လျဉ်းပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) မှ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ထိုကျောင်းသားလေးဦးတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အာမခံလျှောက် ထားရာ ပါယ်ချခံခဲ့ရပြီး ထိုသို့ပါယ်ချခံခဲ့ရသည့်အတွက် ၎င်းတို့ကျောင်းသား လေးဦးထဲမှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေ အစာငတ်ခံဆန္ဒပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံရခြင်းဖြစ်ကြောင်း မိမိတို့သိရှိရပါသည်။ မန္တလေးမြို့ ရတနာပုံတက္ကသိုလ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) အဖွဲ့ဝင် လေးဦးတို့သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းမုခ်ဦးအရှေ့၌ နံရံမှုတ်ဆေးများ အသုံးပြုပြီး “အမျိုးသား ပညာရေးဥပဒေ အလိုမရှိ” “သာယာဝတီအကျဉ်းထောင်အတွင်း ဖမ်းဆီးထားသော ကျောင်းသားများအား ချက်ခြင်းလွှတ်” “စစ်တစ်ပိုင်း အစိုးရ ကျဆုံးပါစေ” စသည့်တောင်းဆိုချက်များ ရေးသားခဲ့သည့်အတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ Martus ခေါ် သတင်းအချက်အလက် သိမ်းဆည်း သိုမှီးသည့် စံနစ်အကြောင်း သင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပခဲ့သည်။ သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ရက်ကြာကျင်းပသည့် သင်တန်းသို့ ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် မဟာမိတ် အဖွဲ့အစည်းများဖြစ်ကြသည့် TWU, TWO, TSYO, AASYC, FPPS, HRDP, KDNG နှင့် UNDO တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၁ ဦး တက်ရောက်လေ့လာကြသည်။ သင်တန်းတွင် ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် AAPP မှ ကိုဇော်မိုး က အဓိကဦးဆောင် ဆွေးနွေး သင်ကြားသွားသည်။ သင်တန်းတွင် Martus Software အား မိတ်ဆက်ရှင်းပြခြင်း၊  ND-Burma မှ အသုံးပြုနေသည့် အချက်အလက် ထည့်သွင်းသည့် ပုံစံ (Template)၊ ND-Burma ၏ martus data form,  martus software

ရက်စွဲ၊ ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၉၆၆ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုလည်း ဖေါ်ပြပါရှိသည်ကို တွေ့ရပါသည်။အထက်ပါ ရည်ရွယ်ချက်များဖြင့် အကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသော တိုင်းရင်သားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို အဓိက ဦးစားပေးလွှတ်ပေးရမည်ဖြစ်သည်။ သို့သော်လည်း လွတ်မြောက်အကျဉ်းသား ၇၀ဝ၀ နီးပါးတွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာပါဝင်သည်မှာ အလွန်နည်းပါသော အရေအတွက်ဖြစ်သည့်အပြင် ရည်ရွယ်ချက်နှင့် ဆန့်ကျင်လျှက်ရှိနေပေသည်။နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် ဆိုပြီး တိုင်းပြည်သံယံဇာတ များအား ခိုးယူခဲ့သည့် သစ်ခိုးဂိုဏ်းကြီးမှ ၁၅၅

နေ့စွဲ  ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်။ အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေးချိုးဖာက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည်ကုစားရန် တင်ပြထားသည့် အစီရင်ခံစာသစ်အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ သတင်းစာရှင်း လင်းပွဲပြုလုပ် ဖြန့်ချိလိုက်သည်။ အသိအမှတ်ပြုရန် နှင့် ပြုပြင်ရန် ‘’အလွတ်သဘော အမှန်တရားပေါ်ပေါက်ရေးစီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာကို ဇွန်လ ၁၁ရက်နေ့က

အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် - အလွတ်သဘောအမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး

သတင်းထုတ်ပြန်ချက် နေ့စွဲ။ ။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက် အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည် ကုစားပေးရန်အတွက် တင်ပြထားသည့် အစီရင်ခံစာသစ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်လိုက်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ အသစ်ထုတ်ဝေလိုက်သည့် “အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် – အလွတ်သဘောအမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ ခံစားရမှုများအား အသိအမှတ်ပြု ရန်နှင့် ၄င်းတို့၏ လိုအပ်ချက်များကို ပြန်လည်ကုစားပေး ရေး မူဝါဒများမှတဆင့် ထုတ်ဖော်၊ ဖြည့်ဆည်းပေး ရန် အဓိကထား တင်ပြထားသည်။ ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း အစိုးရတပ်များက ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေသည့် အကျဉ်းရုံး သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် လယ်ယာမြေသိမ်းပိုက်ခြင်း ကိစ္စများကို အဓိကထား တင်ပြထားသည်။ အဆိုပါ ချိုးဖောက်မှု သုံးခုနှင့်ပတ်သက်ပြီး တိ ကျသည့် ဆွေးနွေးမှုများ စတင်ဆောင်ရွက် ရန်နှင့် နစ်နာခဲ့သူများအတွက် အစိုးရအနေဖြင့်

နယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့အစည်းများ၏ စီစဉ်မှုဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တွေ့ဆုံဆွေးနွေးမှု ထုတ်ပြန်ချက် ၂၀၁၄ ခုနှစ်နို၀င်ဘာလ ၂၄ ရက် ၂၀၁၄ ခုနှစ် နို၀င်ဘာလ ၂၂ – ၂၃ ရက်နေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး၊ ဒုက္ခသည်ကော်မတီ၊ သဘာ၀ပတ်၀န်းကျင်၊

ဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) ၏ အစီရင်ခံစာ သတင်းထုတ်ပြန်ချက် သြဂုတ်လ ၁၄ ရက်၊ ၂၀၁၄ ခုနှစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို မှတ် တမ်းတင်ထားသည့် အစီရင်ခံစာအား

Benetech အဖွဲ့မှ Collin သည် ချင်းမိုင်ရှိ ND-Burma အဖွဲ့၀င်များအား Martus မှ အသစ် ထုတ်ေ၀လိုက်သည့် version ၄.၅ အကြောင်း၊ Martus အား မြန်မာစာဖြင့် မြင်တွေ့နိုင် သည့် မျက်နှာပြင်၊ ဆာဗာအသစ်၊

တရားမျှတမှုကို ခြေရာကောက်ခြင်း -မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရန်အတွက် အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ရသော နစ်နာသူပြည်သူများ၏ လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက