ကြေငြာချက်နှင့်သတင်းထုတ်ပြန်ချက်များ

ရက်စွဲ၊ ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၉၆၆ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုလည်း ဖေါ်ပြပါရှိသည်ကို တွေ့ရပါသည်။အထက်ပါ ရည်ရွယ်ချက်များဖြင့် အကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသော တိုင်းရင်သားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို အဓိက ဦးစားပေးလွှတ်ပေးရမည်ဖြစ်သည်။ သို့သော်လည်း လွတ်မြောက်အကျဉ်းသား ၇၀ဝ၀ နီးပါးတွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာပါဝင်သည်မှာ အလွန်နည်းပါသော အရေအတွက်ဖြစ်သည့်အပြင် ရည်ရွယ်ချက်နှင့် ဆန့်ကျင်လျှက်ရှိနေပေသည်။နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် ဆိုပြီး တိုင်းပြည်သံယံဇာတ များအား ခိုးယူခဲ့သည့် သစ်ခိုးဂိုဏ်းကြီးမှ ၁၅၅

တရားမျှတမှုကို ခြေရာကောက်ခြင်း -မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရန်အတွက် အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ရသော နစ်နာသူပြည်သူများ၏ လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက

အပြစ်မဲ့တအာင်းပြည်သူတစ်ဦးကို ပန်ဆေးပြည်သူ့စစ်မှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုအပေါ်  အာဏာပိုင်များမှ ထိထိရောက်အရေးယူဆောင်ပေးခြင်းမရှိ ၂၄ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၂ခုနှစ် သတင်းထုတ်ပြန်ချက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးအခြေစိုက် ကျန်လုနှင့် ကျန်ကွေရှင်တို့ ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖားပြန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးဖြစ်သည့် ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား အပြစ်မရှိဘဲ လက်ထိပ်ခတ်ပစ်သတ်ပြီး လူမဆန်စွာ ရက်ရက်စက်မသေမချင်း ရိုက်နှိက်ခဲ့သည်ဟု သိရှိရပါသည်။

မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်း

သတင်းထုတ်ပြန်ချက်အောက်တိုဘာလ ၊ ၂၅ရက်၊ ၂၀၁၁ခုနှစ်မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင်ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်းပလောင်အမျိုးသမီး အစည်းအရုံး (္စ္တဥ) ၏ အသစ်ထုတ်ပြန်သည့် အစီရင်ခံစာတွင်မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်တွင်းရှိ ပလောင်ဒေသများတွင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသိသိသာသာ တိုးတက်လာနေကြောင်း ဖော်ပြထားခဲ့ပါသည်။ ဤဒေသသည် မြန်မာစစ်တပ်က ကျောထောက်နောက်ခြုံပထားသည့်

ကျန်းမာရေးဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား သင့်တော်သည့် ဆေးကုသမှုပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

ကျန်းမာရေးဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား သင့်တော်သည့် ဆေးကုသမှုပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို သတင်းထုတ်ပြန်ချက်၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုနေမျိုးဇင်သည် ချော်လဲ၍ အရိုးအက်သည့်ဝေဒနာ ခံစားနေရသော်လည်း  ထောင်ပြင်ပဆေးရုံတွင် တက်ရောက်ဆေးကုသခွင့် အကြိမ်ကြိမ် ငြင်းဆန်ခံနေရသလို လမ်းပင်ကောင်းစွာမလျှောက်နိုင်သဖြင့် ထောင်ဝင်စာပါ ထွက်မတွေ့နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ သိရှိရပါသည်။ 

ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို သတင်းထုတ်ပြန်ချက်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက် ကျန်းမာရေးအလွန်ဆိုး၀ါးပြင်းထန်စွာ ခံစားနေရသော အကျဉ်းသားတဦးအား အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ မြန်မာအစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။

လက်ဖက်စျေးကွက်ပျက်စီးပြီး လက်ဖက်တောင်သူအတိ ဒုက္ခရောက်နေခြင်း သတင်းထုတ်ပြန်ချက်

၆ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်လက်ဖက်တောင်သူ တအာင်းပြည်သူလူထုတို့သည် ၂ဝ၁၁ခုနှစ် လက်ဖက်ရာသီတွင် လက်ဖက်စျေးကွက် ဆိုးဝါးစွာပျက်စီးခြင်းကြောင့် ကြီးမားသည့်စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ စာတမ်းတစ်စောင်ကို တအာင်း(ပလောင်)အလုပ်အဖွဲ့မှ ပြုစု ရေးသားခဲ့ပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး၏ တတိယအကြိမ်မြောက် ညီလာခံ ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေငြာချက်၂၀ရက်နေ့၊ ဒီဇင်ဘာလ၊ ၂၀၁၀ခုနှစ် ပလောင်အမျိုးသမီးအစည်းအရုံးသည် တတိယအကြိမ်မြောက်ညီလာခံအား ထိုင်း-မြန်မာနယ်စပ်လွတ် မြောက်နယ်မြေတစ်နေရာတွင် ၂၀၁၀ခုနှစ် ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ၃ရက်သာ ပြုလုပ်ကျင်းပခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း သခင်အုန်းမြင့်ကွယ်လွန်

သတင်းထုတ်ပြန်ချက်၁၇၊စက်တင်ဘာလ၊၂၀၁၀ နို်င်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် သခင်အုန်းမြင့်သည် ယနေ့နံနက်(၁၇၊ စက်တင်ဘာလ ၂၀၁၀) ၄ နာရီ ၃၀ မိနစ် တွင် ကွယ်လွန်သွားကြောင်း သိရှိရသဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်

သတင်းထုတ်ပြန်ကြေငြာချက်ရက်စွဲ။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက် နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းကျခံနေရသော ကိုမျိုးမင်းဝေသည် အတွင်း လိပ်ခေါင်းရောဂါ အပြင်းထန်ခံစားနေရသော်လည်း ဆေးကုသခွင့်မရရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီဘီ) မှ ကြားသိရပါသည်။