ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် နိုင်ငံတော်အစိုးရ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်မည့် အစီအစဉ်များအပေါ် သဘောထားကြေငြာချက် ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၂၀ ရက် မြန်မာနိုင်ငံတော်အစိုးရမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်တော့မည်ဟု သိရသဖြင့် ကျွန်ုပ်တို့ အလွန်စိုးရိမ်မိပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စတင်လည်ပတ်ပါက ထားဝယ်ဒေသ ကမ်းရိုးတန်းတစ်လျှောက်ရှိ လူ့အဖွဲ့အစည်းများမှသည် နယ်စပ် တောင်တန်းဒေသများအထိ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ထားဝယ်မြို့ အပါအဝင် ၄င်းနှင့် ထိစပ်လျှက်ရှိသည့် နယ်ပယ်ဧရိယာများ၊ ထားဝယ်ဒေသမှ အခြားသော ယိုးဒယား အစရှိသည့် တိုင်းတပါးနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သွားရောက် အလုပ် လုပ် ကိုင်လျက် ရှိသည့် ကျွန်ုပ်တို့၏ သွေးသားရင်းချာညီအစ်ကိုမောင်နှမများနှင့်၄င်းတို့၏ မိဘ ဆွေမျိုးညာတကာများ အားလုံးသည် အဆိုပါစီမံကိန်းကြီး၏ အကျိုးဆက်အနေဖြင့် ကြီးမားပြီး နှစ်ကာလ ရှည်ကြာသည့် အပြောင်းအလဲများကို ခံစားကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ထားဝယ်လူမှုအဖွဲ့အစည်း၏ မြေယာနှင့်စားဝတ်နေရေးလုပ်ငန်းများ၊ ကျွန်ုပ်တို့၏ အစဉ်အလာကြီးမားသည့် သမိုင်းကြောင်းနှင့် ရိုးရာအစဉ်အလာများ၊ သဘာဝပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုများ

မြန်မာ့တပ်မတော်မှ တအောင်း(ပလောင်) အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့် ရန် နှောင့်ယှက် စော်ကားခဲ့သည့်အပေါ် မိမိတို့ တအောင်းကျောင်သားနှင့် လူငယ်များအဖွဲ့နှင့် တအောင်းအမျိုးသမီးအဖွဲ့အစည်း၏ထုတ်ပြန်ချက်

မန်ခေါက်ကျေးရွာ ကျောင်းအုပ်ဆရာမကြီးအား တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်သား ၂ ဦးမှ အဓမ္မပြုကျင့်မှုအပေါ် သတင်းထုတ်ပြန်ချက်

လတ်တလောဖြစ်ပွားခဲ့သော ဖားကန့်မြို့ရှိ အသရဖျေက်မှုစွဲချက်ကို ကြညြ့်ခင်းအားဖြင့် မြန်မာစစ်တပ်သည် လူထုအစိုးရ ထိန်းချုပ်မှုအအောက်သို့ ထားရှိရန် အရေးတကြီးလိုအပေ်ကြာင်း မီးမောင်းထိုးပြလိုက်သည်။

လတ်တလောဖြစ်ပွားခဲ့သော ဖားကန့်မြို့ရှိ အသရဖျေက်မှုစွဲချက်ကို ကြညြ့်ခင်းအားဖြင့် မြန်မာစစ်တပ်သည် လူထုအစိုးရ ထိန်းချုပ်မှုအအောက်သို့ ထားရှိရန် အရေးတကြီးလိုအပေ်ကြာင်း မီးမောင်းထိုးပြလိုက်သည်။ ၂၀၁၇ ခုနှစ် ဇန်လွ ၂၆ ရက်နေ့ ဖားကန့်မြို့မ တရားသူကြီးစိုးလင်းအောင်မှ ဒသေလူထုခေါင်းဆောင်တစ်ဦးဖြစ်သူ ဒရှိန်လောနွ်းအား မြန်မာစစ်တပ်အား အသရဖျေက်မှုအတကွ် ပစ်မှုဆိုင်ရာဥပဒပေုဒ်မ ၅၀ဝ အရ အမှုရင်ဆိုင်ရန် အမိန့်ဆင့်ခေါ်ခဲ့သည်။ အပြည့်အစုံရယူရန်

ငေါ့ချမ်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း

အစီရင်ခံစာ အနှစ်ချုပ် စိတ်ကို ညို့ယူဖမ်းစားနိုင်သည့် အလှတရားများနှင့် ဇီဝမျိုးကွဲ စုံလင်ပြီး ထောင်ပေါင်းများစွာသော ကချင်ဌာနေ တိုင်းရင်းသားဘိုးဘေးတို့၏ ဌာနစံပျော်ရာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ ငေါ့်ချမ်းခလွင်ပြင်သည် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများတို့မှ စီမံချက်ဖြင့် အကောင်အထည်ဖော်မည့် အကြီးစား ရေအားလျှပ်စစ်ထုတ်ရေ ကာတာလေးခု၏ ခြိမ်းခြောက်မှုအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါ ရေကာတာစီမံကိန်းများကို တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (International Coorperation and Development Corporation – YEIG)အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေပြီး လျှပ်စစ် ဓာတ်အားမီဂါဝပ် ၁၂၀ဝ ထုတ်လုပ်နိုင်ရေးအတွက် ဧရာဝတီမြစ်၏ အဓိက မြစ်လက်တက် တစ်ခု ဖြစ်သော မေခမြစ်၏ လက်တက်တစ်ခုဖြစ်သည့် ငေါ့်ချမ်းခမြစ်ကို ပိတ်ဆို့ရန် စီစဉ်နေကြသည်။ ငေါ့်ချမ်းခမြစ်ကို အခြေတည်ကာ ဖြစ်ပေါ်သော ငေါ့်ချမ်းခလွင်ပြင်သည် ချီဖွေနှင့်ဆော့လော်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာမှ ငေါ့်ချမ်း၊ လာချိတ်၊ လော်ဝေါ်နှင့် လီဆူဌာနေတိုင်းရင်းသား စုစုပေါင်း ၄၅၀ဝ ကျော်၏ ဘဝနေထိုင်မှုများကို အကျိုးပြု

ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ  သတင်းထုန်ပြန်ချက်

မြန်မာနိုင်ငံတွင်အချင်းချင်းစစ်ပွဲများ ဖြစ်ပွားနေခြင်းကို ချက်ခြင်းရပ်ဆိုင်းရန်လိုအပ်ကြောင်း ကချင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် မြန်မာအစိုးရတပ်၏ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများက မီးမောင်းထိုးပြနေပါသည်။

လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ

ယနေ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ရန်ကုန်မြို့တွင် ထုတ်ပြန်သည့် ဘားမားလင့်ခ်၊ မြန်မာ့အရေး

“လူမသိသူမသိဘဝများ - မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း

“လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဘားမားလင့်ခ်၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ နှင့် မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း တို့မှ “လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” ဟု အမည်ပေးထားသည့် အစီရင်ခံစာအသစ်အား ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းနယ်စပ်တစ်လျှောက် နေထိုင်နေကြသော ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် မွန်တိုင်းရင်းသားများ၏ ဆက်လက်စိုးရိမ်ပူပန်နေရမှုများအား အလေးပေးဖော်ပြထားပါသည်။ လတ်တလော ပြုပြင်ပြောင်းလဲမှုများသည် ယင်းအရှေ့တောင်ပိုင်းမှ အိုးအိမ်စွန့်ရွှေ့ပြောင်းဒုက္ခရောက်ရမှုများ၏ အကြောင်း တရားများကို အလုံအလောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို ဤအစီရင်ခံမှ တွေ့ရှိထားပါသည်။ နေ့ရက် – ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်။ အချိန် – နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ။ နေရာ –