အထူးသတင်း

မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိ ရုပ်အလောင်း များတွေ့ရှိမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၁ဝ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ လူများအား သတ်ဖြတ် မြှုပ်နှံထားကြောင်း သတင်းပို့တိုင်ကြားလာမှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်ခဲ့မှု ရှိ၊ မရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးသည့်အဖွဲ့သည် အခင်းဖြစ်ပွားရာ နယ်မြေဒေသသို့ သွားရောက်စစ်ဆေးခဲ့ရာ အင်းဒင်ကျေးရွာမှ ရွာသား အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား ၁ဝ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ် သက်သူ ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန် လိုက်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့သည် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် အထိ

ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအား သုသာန်သို့ ခေါ်ဆောင်သတ်ဖြတ်ခဲ့ဟု တပ်မတော်ထုတ်ပြန်

ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား  အင်းဒင်ကျေးရွာသုသာန်ကို ခေါ်ဆောင် သတ်ဖြတ်ခဲ့တာ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်ကို ဒီဇင်ဘာ ၁၀ ရက်က သတင်းထုတ်လိုက်တာပါ။ စစ်ဆေးတွေ့ရှိချက်အရ အင်းဒင်ရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁ ရက်က နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်အင်အား ၂၀ဝ ဦးခန့်က တုတ်၊ ဓားတွေနဲ့ တိုက်ခိုက်ခဲ့လို့ သေနတ်မိုးပေါ်ထောင်ဖောက် သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းတို့ကို စာသင်ကျောင်းမှာ ချုပ်နှောင်ထားစဉ် စစ်ဆေးမေးမြန်းချက်တွေအရ မော်လဝီဆရာတွေက အကြမ်းဖက်လုပ်ငန်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ စည်းရုံးခံထားရသူတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ရဲစခန်းကို အပ်နှံရမှာဖြစ်ပေမယ့်၊ အဲဒီအချိန်ကာလမှာ နယ်မြေတဝိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်တဲ့

အလုပ်သမား အခွင့်အရေး ပြဋ္ဌာန်းချက် ILO သတိထားကြိုဆို

(VOA) မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေကို ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ဆိုတဲ့ ကိစ္စဟာ အားရစရာကောင်းတယ် ဆိုပေမဲ့ ကလေးတွေကို အရပ်ဘက်နဲ့ စစ်တပ်အတွင်းမှာ အဓမ္မသွင်းပြီး သုံးစွဲနေတာကတော့ စိုးရိမ်နေရတဲ့ကိစ္စ ဖြစ်နေတုန်းပဲလို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရွန် ကော်ဘင် (Ron Corben) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

(RFA) ချက်သမ္မတနိုင်ငံ ပရပ်ဂ်မြို့တော်မှာ အောက်တိုဘာ ၁၁ ရက် တနင်္လာနေ့က စတင်ပြီး ပြုလုပ်တဲ့ Forum 2000 လူ့ အခွင့်အရေး ဆွေးနွေးပွဲမှာ မြန်မာ ကိုယ်စားလှယ် တွေလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီ

(BBC) မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေ အနေတွေကို ဖော်ထုတ်နေတဲ့ အဖွဲ့အစည်း ၁၃ ဖွဲ့ စုပေါင်းပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တွေကို စုစည်းပြုစုထားတဲ့ အစီရင်ခံစာတစ်စောင် ထွက်လာပါတယ်။

RFA ကုလသမဂ္ဂ ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်အစိုးရက ထောက်ခံလိုက်တာကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က

VOANewsမြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့အကြောင်း အမေရိကန်

(VOA) မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်

(RFA)၂၀၁၀-ဝ၈-ဝ၄ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ လက်အောက်ခံ ညှဉ်းပန်း နှိပ်စက်ခြင်းဆိုင်ရာအဖွဲ့ကို မြန်မာ စာနယ်ဇင်းသမားတဦး