သတင်းများ

Select a news topic from the list below, then select a news article to read.

လေးစားစွာဖိတ်ကြားအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ နှင့် ညှဉ်းပမ်းနှိပ်စက်မှုနှင့် အခြားရက်စက်ပြီး လူမဆန်သော(သို့)လူ့ဂုဏ်သိက္မာကျဆင်းစေသော ဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ် ဘာသာပြန်စာအုပ်ထုတ်ဝေခြင်း။ အစီအစဉ် နေရာ – တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ ရွှေဂုံတိုင်။ အချိန် – နေ့လည် (၂းဝ၀) နာရီမှ (၄းဝ၀)ထိ နေ့ရက် – ၂၆ရက်၊ ဇွန်လ၊ ၂၀၁၇။

ယခုလအတွင်း မြန်မာနိုင်ငံတွင် တိုးတက်မှုများနှင့် နောက်ပြန်ဆုတ်မှုများ နှစ်မျိုးစလုံး ဖြစ်ထွန်းခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတကာမှ  အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှုများအကြောင်း ကမ္ဘာအဝှမ်း သတင်းမီဒီယာများတွင် ဖေါ်ပြနေချိန် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း နိုင်ငံတကာ၏ စိတ်ဝင်စားမှု နည်းပါးလာနေသည်။ သတင်းများတွင် သမ္မတအိုဘားမား အလည်အပတ်ခရီးစဉ်အကြောင်း ဝေဝေဆာဆာ ဖေါ်ပြကြသော်လည်း လွတ်လပ်စွာစုစည်းခွင့်အပေါ် အစိုးရ၏ ချိုးဖောက်မှုများကိုတော့ ဖေါ်ပြသင့်သလောက် မဖေါ်ပြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့စင်မြင့်အလယ် တဖန်ပြန်တက်လာနေသော်လည်း အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ရက်ရက်စက်စက် ဖြိုးခွင်း ခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့ခဲ့ရသည်။  

2012-07-11မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်များများ ရှိနေဆဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ၂၀၁၁ ခုနှစ်အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။