သတင်းထုတ်ပြန်ချက်များ

ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး

ရန်ကုန် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး တရားလက်လွတ် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်မတပ်မှ မကြာသေးမီက ဝန်ခံ လိုက်ခြင်းသည် ၄င်းတို့ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် ဝန်ခံအသိအမှတ်ပြုရန် လမ်းဖွင့်ပေးခြင်း ဖြစ်သင့်သည်။ ကချင်ပြည်နယ်၊ ကောင်းခါးကျေးရွာတွင် ကချင်ဆရာမလေးများ အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရ သည့် ၃ နှစ်မြောက်နေ့တွင် အစိုးရအနေဖြင့် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အစိုးရအား တောင်းဆိုပါသည်။ အစိုးရတပ်မှ တပ်သားများ ပါဝင်ကျူးလွန်သည့် သက်သေအထောက်အထားများရှိသော်လည်း ဤအမှုကို ယခုတိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ ၂၀၁၅ ခုနှစ် နံနက်စောစောတွင် ကချင်နှစ်ချင်းခရစ်ယာန်အသင်း (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ဦးဖြစ်သည့် မရန်လုရာနှင့် နန့်ဆင်တို့နေထိုင်သည့် ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်ဘက်မှ အော်ဟစ်သံများ ကြားခဲ့ကြရသည်။ ဒေသခံရွာသားများက အဖြစ်အပျက်ကို သွားရောက်စုံစမ်းသော်လည်း ရေချိုးခန်းဘက်မှ အသံများကြားရသည့်နောက် ပြန်လှည့်ခဲ့ကြသည်။

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက်

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက် ရက်စွဲ။ ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ အ ပေါင်ဆိုင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) မှ တာဝန်ခံ မိုင်းမျိုးအောင်အား မသင်္ကာမှုနှင့် ဖမ်းဆီး ခဲ့သည်ဟု သိရပါသည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေနတ် ဖြင့်ပစ်ခတ်သည်ဟု သတင်းရသည့် အမျိုးသားသုံးဦးအား မူဆယ်မြို့မရဲစခန်း၌ (ပ)၅၀၁/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄(လူသတ်မှု/ လူသတ်ရန်အားထုတ်မှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စုံ စမ်းခဲ့ရာ ညနေ (၅)နာရီခွဲခန့်တွင် မိုင်းမျိုးအောင်အား မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် ဖမ်းဆီးရမိ သည်ဟု ထုတ်ပြန်ထားသည်။

“မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား တရားမ ျှတမှုရရှိစေရေးအတွက် အကူအညီပေးရန် အဆင်သင့်ရှိခြင်း”

၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် ND-Burma ၏ ထုတ်ပြန်ချက်။ “မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား တရားမ ျှတမှုရရှိစေရေးအတွက် အကူအညီပေးရန် အဆင်သင့်ရှိခြင်း” ND-Burma အနေဖြင့် ၂၀ဝ၄ ခုနှစ်မှ စတင်မှတ်တမ်းတင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အချက်အ လက် ၆၀ဝ၀ ထောင်ကျော်သည် တရားမ ျှတမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ပြုနိုင်သည်။ လွန်ခဲ့သော ၁၃ နှစ်က ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း ၉ ဖွဲ့ တွေ့ဆုံကြပြီးနောက် လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (HRDCC) အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ယခုအခါ တွင်မူ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုအချိန် ကမြန်မာနိုင်ငံသည် ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်အောက်တွင် ရောက်ရှိနေပြီး ဒေါ်အောင်ဆန်း စုကြည်မှာလည်း နေအိမ်အကျယ်ချုပ်အဖြစ် ၁၀ နှစ်ထဲ ရောက်ရှိနေချိန်ဖြစ်သည်။ ထောင်နှင့် ချီသည့် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းခံရေပြီး စစ်တပ်၏ ဆယ်စုနှစ်နှင့်ချီသည့် တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုများလည်း ဆက်လက်ကျူးလွန်နေချိန်ဖြစ်သည်။

၂၀၁၇ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ ထုတ်ပြန်ချက်

၂၀၁၇ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ ထုတ်ပြန်ချက် ယနေ့ကျရောက်သည့် နိုင်ငံတကာ တရားမ ျှတမှုနေ့တွင် မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအ တွက် စတင်ပြောဆို ဆောင်ရွက်ရန် မြန်မာအစိုးရအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ တောင်းဆိုလိုက်သည်။ ND-Burma ၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ နိုင်ငံတဝှန်း ၁၃ နှစ်ကြာ လူ့အခွင့်အရေးမှတ်တမ်းတင်မှုများ ပြုလုပ် နေသည်။ မိမိတို့၏ ဒေတာဘေ့စ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၆၀ဝ၀ ကျော်ကို ထည့်သွင်း မှတ်တမ်း တင်ထားနိုင်သော်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရသူများအနေဖြင့် တရားမ ျှတမှုကို မည်သည့်အခါကမ ျှ ရရှိခြင်း(သို့မဟုတ်) ၄င်းတို့အပေါ် ချိုးဖောက်မှုများကြောင့် ခံစားရသည့် ဒုက္ခအဝ၀ကို အသိအမှတ်ပြု၊ စာနာ နားလည် လက်ခံမှုပင် မရှိသည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရအား ရွေးကောက်တင်မြှောက် ခံရချိန်တွင် မိမိတို့အနေဖြင့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် မလိုအပ်တော့ဟု ထင်မြင်ခဲ့ကြသည်။

ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့်် နိုင်ငံတကာနေ့

ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့်် နိုင်ငံတကာနေ့၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ညှင်းပန်းနှိပ်စက်မှုများပပျောက်ရေးနှင့် အသက်ရှင်ကျန်ရစ်သူများ၏ လိုအပ်ချက်များအတွက် ဆောင် ရွက်ပေးခြင်းသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့် လုပ်ငန်းဖြစ် သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ဝိမုတ္တတိ အမျိုးသမီးအဖွဲ့ (VWO)၊ အာရှတရားမျှတမှုနှင့် အခွင့်အရေး (AJAR) တို့မှ ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရန်နှင့် အသက်ရှင်သန် လွတ်မြောက်လာသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ပန်ကြားလိုက်သည်။ ND-Burma, AAPP, WLB, VWO နှင့် AJAR အဖွဲ့တို့က ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီ သည့် အခမ်းအနားတစ်ရပ်အား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ညနေ ၂နာရီမှ ၄ နာရီအထိ ပူးတွဲ စီစဉ်ကျင်းပကြပါသည်။ အခမ်းအနားတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်ရှင်လွတ်မြောက်လာသူများ၊ ၄င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသည့် လူထုအခြေပြုအဖွဲ့အစည်း များက အတွေ့အကြုံများ ဖလှယ်ဝေငှရန်နှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား

စောကွယ်စေး (ခ) Kyaw Kweh ကွယ်လွန်သွားခြင်းအပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် Burma Issues မှ စောကွယ်စေး (ခ) Kyaw Kweh (၄၃နှစ်) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက် (တနင်္လာနေ့) နံနက် ၅ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။ စောကွယ်စေးသည် ၁၉၉၀ ခုနှစ် Burma Issues / Peace Way Foundation Burma စတင်ဖွဲ့စည်း ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး Country Coordinator, Planning Committee, Advocacy and Campaign Coordinator စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တွင်လည်း စတင်ဖွဲ့စည်းစဉ်ကတည်းက အစဉ်တစိုက် ပူးပေါင်းပါဝင်ခဲ့သူတဦးဖြစ်ပြီး စီမံအဖွဲ့ဝင်၊ အကြံပေးအဖွဲ့ဝင်၊ သင်တန်းနည်းပြ စသည့် တာဝန်များကို တက်ကြွစွာ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ (ဇန္နဝါရီ မှ ဇွန်လ ၂၀၁၆)

သတင်းထုတ်ပြန်ချက် ND-Burma မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည့်အပေါ် အစီရင်ခံစာထုတ်ပြန်ခြင်း ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ၂၀၁၆ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုကို

၂၀၁၆ ခုုနှစ်၊ ဇွန်လ ၂၆ ရက်။ ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့ ဖြစ်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်၊ မြန်မာနိုုင်ငံ (ND-Burma) အနေဖြင့် ကမ္ဘာတဝှန်းရှိ သိန်းနှင့်ချီ သည့် ညှဉ်းပန်းနှိပ်စက်ခံရသူများ၊ ၄င်းတို့၏မိသားစုဝင်များနှင့် သွေးစည်းညီညွတ်နှင့် ထောက်ခံပံ့ပိုးမှုကို ပြသလိုုက်ပါသည်။ ယခုလိုအခါသမယတွင် ညှဉ်းပန်းနှိပ်စက်မှုများ မြန်မာနိုင်ငံ၌ ဆက်လက် ကျူးလွန် ဖြစ်ပေါ်နေသည်ကိုု မီးမောင်းထိုုးပြရန် အရေးကြီးသည်ဟု မှတ်ယူပြီး၊ ထိုုသိုု့ကျူးလွန်မှုများ ရပ်တန့်စေရေး အတွက် အစိုုးရအနေဖြင့်လည်း အရေးယူဆောင်ရွက်မှုများ ချက်ခြင်းဆောင်ရွက်ရန် တောင်းဆိုုပါ သည်။ မြန်မာနိုုင်ငံတွင် နိုုင်ငံရေးအရ သဘောထားကွဲပြားသူများအပေါ် ဖိနှိပ်ရန်အတွက် မွေးရာပါ လူ့အခွင့်အ ရေး၊ လူ့ဂုုဏ်သိက္ခာအား လေးစားလိုက်နာခြင်း မရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုကို လက်နက်သဖွယ် အသုံးပြု နေဆဲဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နစ်နာခဲ့ရသူများ၏၊ စိတ်ပိုင်းနှင့် ရုပ်ပိုုင်းဆိုင်ရာအပေါ် ရှည် ကြာသည့် ဆိုးကျိုး၊ သက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အပြင် နာတာရှည် စိတ်ဒဏ်ရာများ ခံစားရသည် ကိုလည်း မကြာခဏတွေ့ရသည်။

​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း

​သ​တင်း​ထုတ်​ပြန်​ချက် ​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း​ကွန်​ရက်-​မြန်​မာ​နိုင်​ငံ (ND-Burma) ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း ​ရက်​စွဲ။ ။ ၂၀၁၆ ​ခုု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ၊ ၂၉  ​ရက်။ ၂၀၁၅ ​ခုု​နှစ် ​ဇန်​န​ဝါ​ရီ​မှ ​ဒီ​ဇင်​ဘာ​အ​ထိ ​မြန်​မာ​နိုုင်​ငံ​အ​တွင်း ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု ၈၄ ​ခု​ကို ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​ကို ​ယ​နေ့​ထုတ်​ပြန်​လိုက်​သည်။

ဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) ၏ အစီရင်ခံစာ သတင်းထုတ်ပြန်ချက် သြဂုတ်လ ၁၄ ရက်၊ ၂၀၁၄ ခုနှစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို မှတ် တမ်းတင်ထားသည့် အစီရင်ခံစာအား