ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး

ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး

ရန်ကုန်
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်

ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး

တရားလက်လွတ် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်မတပ်မှ မကြာသေးမီက ဝန်ခံ လိုက်ခြင်းသည် ၄င်းတို့ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် ဝန်ခံအသိအမှတ်ပြုရန် လမ်းဖွင့်ပေးခြင်း ဖြစ်သင့်သည်။

ကချင်ပြည်နယ်၊ ကောင်းခါးကျေးရွာတွင် ကချင်ဆရာမလေးများ အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရ သည့် ၃ နှစ်မြောက်နေ့တွင် အစိုးရအနေဖြင့် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အစိုးရအား တောင်းဆိုပါသည်။ အစိုးရတပ်မှ တပ်သားများ ပါဝင်ကျူးလွန်သည့် သက်သေအထောက်အထားများရှိသော်လည်း ဤအမှုကို ယခုတိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။

၂၀၁၅ ခုနှစ် နံနက်စောစောတွင် ကချင်နှစ်ချင်းခရစ်ယာန်အသင်း (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ဦးဖြစ်သည့် မရန်လုရာနှင့် နန့်ဆင်တို့နေထိုင်သည့် ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်ဘက်မှ အော်ဟစ်သံများ ကြားခဲ့ကြရသည်။ ဒေသခံရွာသားများက အဖြစ်အပျက်ကို သွားရောက်စုံစမ်းသော်လည်း ရေချိုးခန်းဘက်မှ အသံများကြားရသည့်နောက် ပြန်လှည့်ခဲ့ကြသည်။ နောက်နေ့မနက်တွင် နှိပ်စက်၊ အဓမ္မပြု ကျင့်ခဲ့သည့် ဒဏ်ရာဒဏ်ချက်များနှင့်အတူ ဆရာမလေးနှစ်ဦး၏ အလောင်းကို တွေ့ရှိကြသည်။ ထိုအချိန်က မရန်လုရာနှင့် တန်ဘူခေါ်န်နန့်ဆင် တို့သည် အသက် ၂၀နှင့် ၂၁ နှစ်အရွယ်ရှိကြပြီဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာလည်း မင်္သကာဖွယ်တစုံတဦးကိုမှ ဖမ်းဆီးနိုင်ခြင်းမရှိပေ။ အခင်းမဖြစ်မီက အဆိုပါ ရွာသို့ ရောက်ရှိလာပြီး ဘုရားကျောင်းအနီးရှိ အိမ်များတွင် စခန်းချနေသည့် ခမရ ၅၀၃ မှ စစ်သားများအပေါ် အာဏာပိုင်များမှ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်၊ အကာအကွယ်ပေးနေသည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းများက စွပ်စွဲကြသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသည့် ဥပဒေအထောက်အကူပြုကွန်ရက် (LAN) နှင့် ND-Burma ၏ အဖွဲ့ဝင် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) တို့က စစ်သားများ ကျူးလွန်ကြောင်း သက်သေ အထောက်အထားများဖြစ်သည့် သေဆုံးသူဆရာမလေးများ၏ အိမ်ရှေ့တွင် စစ်ဖိနပ်ရာများတွေ့ရှိခြင်း၊ သတ်ဖြတ်မှုဖြစ်ပွားပြီးသည်နှင့် စစ်သား ၁၀ ယောက်မှာ ရွာမှ အမြန်ဆုံးထွက်ခွာသွားခြင်းနှင့် ၄င်းတို့အပေါ် စုံစမ်းမေးမြန်းမှု မပြုခဲ့ခြင်း၊ သတ်ဖြတ်မှုမဖြစ်ပွားမီကလေးတွင် စစ်တပ်အရာရှိတည်းခိုနေထိုင်သည့် အိမ်မှ အိမ်ရှင်အား တစုံတရာရှင်းပြခြင်းမရှိပဲ ရွာမှ တခြားတနေရာသို့ သွားရောက်စေခြင်း၊ သတ်ဖြတ်ခံရသည့် ဆရာမလေးနှစ်ဦး၏ မိသားစုများအား စစ်တပ်မှ ကျပ် ၅.၃ သန်း (အမေရိကန်ဒေါ်လာ ၄၈၀ဝ ခန့်) ပေးခဲ့ခြင်း စသည့် အချက်များကို တွေ့ရှိခဲ့ကြသည်။

စုံစမ်းမှုအရ ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းခြင်းနှင့် မသင်္ကာသူများအား မေးမြန်းခြင်း၊ သေဆုံးမှုနှင့် ပတ်သက်ပြီး တရားနည်းလမ်းတကျဆောင်ရွက်ခြင်းနှင့် သမာသမတ်ကျကျ ဆောင်ရွက်ရန် အား နည်းခြင်း စသည့် အခြေခံ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်သည်ကို တွေ့ရသည်။

စစ်သားများအား အခင်းဖြစ်ပွားရာမှ ရွှေ့ပြောင်းခြင်းနှင့် ကျူးလွန်သူဟု မသင်္ကာသူများအား မေးမြန်းရန်အတွက် စစ်တပ်ထံမှ ခွင့်ပြုချက်ရယူရခြင်းစသည့် လုပ်ပိုင်ခွင့် အာဏာများကို စစ်တပ်မှ အလွန်အမင်းကျင့်သုံး၍ ရဲတပ်ဖွဲ့၏ စုံစမ်းမှုအများအပေါ် လွှမ်းမိုးခဲ့သည်။ ရွာအတွင်း ယာယီစခန်းချနေသည့် စစ်သား ၄၀ မှ ၂၈ ဦးကို သာ ရဲတပ်ဖွဲ့က မေးမြန်းနိုင်ပြီး မေးမြန်းရာတွင်လည်း တဦးလ ျှင် ၅ မိနစ်ထက်ပို၍ မေးမြန်းခြင်း မပြုနိုင်ပေ။ ရဲတပ်ဖွဲ့မှ ရွာသားများအား စစ်စေးမေးမြန်းပြီး စုဆောင်းခဲ့သည့် သတင်းအချက်များကိုလည်း စစ်တပ်သို့ တိုက်ရိုက်ပေးပို့ရသည်။

အဆိုပါ ပြစ်မှုတွင် စစ်သားများပါဝင်ပတ်သက်သည်ဟု စွပ်စွဲသူမည်သူ့ကိုမဆို စစ်တပ်မှ တရားစွဲဆိုမည်ဟု ခြိမ်း ခြောက်ခဲ့သည်။ ခမရ ၅၀၃ မှ တပ်ရင်းမှုးဖြစ်သူက ရွာသားများအား “ငါတို့စစ်ကြောင်းမှာ မော်တာ အလက် ၂၀ ရှိတယ်၊ ငါတို့ကို မသင်္ကာဘူးလို့ စွပ်စွဲရင် တရွာလုံးပြာကျအောင် ပစ်လို့ရတယ်” ဟု ခြိမ်းခြောက်ခဲ့သည်။

KWAT မှ အထွေထွေအတွင်းရေးမှုး မွန်းနေလီက “ဒီအမျိုးသမီးလေးတွေ သတ်ဖြတ်ခံရတာ ၃ နှစ်ရှိပြီဖြစ်ပေ မယ့်၊ ကချင်လူမှုအသိုင်းအဝိုင်းထဲက တယောက်တလေမှ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်တော့မှ မေ့ပျောက် သွားမှာ မဟုတ်ဘူး၊ တရားမ ျှတမှုရအောင်လုပ်ဖို့သာ ပြင်းထန်ကြီးထွားလာတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်ရခြင်းကလွဲလို့၊ လက်နက်ကိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေနဲ့ အခြားတဖက်က လုပ်ရပ် အနေနဲ့ ဒေသခံ လူ့အသိုင်းအဝိုင်းတွေရဲ့ နာကျင်ခံစားရမှုတွေကို စတင်ထုတ်ဖော် ဆောင်ရွက်သင့်ပါတယ်၊ အတိတ်က ဒဏ်ရာဒဏ်ချက်တွေကို ကုစားဖို့လုပ်တာ သိပ်နောက်မကျသေးတဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ရှာဖွေနိုင်ပါတယ်”

လူ့အခွင့်အရေးချိုးဖောက်မှုများကို ND-Burma အနေဖြင့် ၂၀ဝ၄ ခုနှစ်စတင် မှတ်တမ်းတင်လ ျှက်ရှိပြီး မိမိတို့ တွင် စုဆောင်းထားသည့် ချိုးဖောက်မှု မှတ်တမ်း ၆၀ဝ၀ နှင့်ပတ်သက်ပြီး တရားမ ျှတမှု ရရှိသည့် ဖြစ်ရပ်များ မရှိသေးပေ။ ဖြစ်ရပ်အချို့တွင်သာ စစ်တပ်သည် အောက်ခြေစစ်သားတချို့ကို အကြမ်းဖက်ကျူးလွန်မှုများ အတွက် အရေးယူခဲ့သည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ်ရှိ အင်းဒင်ရွာရှိ တရားလက်လွတ် သတ်ဖြတ်မှုတွင် စစ်တပ်မှ ပါဝင်ပတ်သက်သည်ဟု ဝန်ခံမှုက လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် အသိအမှတ်ပြု ဝန်ခံရန် လမ်းခင်းပေးမည်ဟု မေ ျှာ်လင့်ပါသည်။

လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိန်းသိမ်းခံနေရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် နှစ်ဦးကိစ္စက စစ်တပ်အား တရားလက်လွတ်သတ်ဖြတ်မှုများတွင် တာဝန်ရှိသည်ဟု ဝန်ခံထွက်ဆိုလာစေသည်။ နိုင်ငံခြားအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရအနေဖြင့် တိုင်းပြည်အတွင်း စစ်တပ်မှကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများအတွက် ရှင်းလင်းပေးရန် ဖိအားပေးပြောဆိုသင့်သည်။ အတိတ်က လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား အသိအမှတ်ပြုပေးခြင်းသည် ငြိမ်းချမ်းသာယာသည့် အနာဂတ်ကို တည်ဆောက်ရန် တခုတည်းသော နည်းလမ်းဖြစ်သည်။

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ အသိုင်းအဝိုင်းများကို ကိုယ်စားပြုပြီး၊ အဖွဲ့ဝင်များမှာ-

Leave a Reply

Your email address will not be published. Required fields are marked *