December 2017

“မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား တရားမ ျှတမှုရရှိစေရေးအတွက် အကူအညီပေးရန် အဆင်သင့်ရှိခြင်း”

၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် ND-Burma ၏ ထုတ်ပြန်ချက်။ “မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား တရားမ ျှတမှုရရှိစေရေးအတွက် အကူအညီပေးရန် အဆင်သင့်ရှိခြင်း” ND-Burma အနေဖြင့် ၂၀ဝ၄ ခုနှစ်မှ စတင်မှတ်တမ်းတင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အချက်အ လက် ၆၀ဝ၀ ထောင်ကျော်သည် တရားမ ျှတမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ပြုနိုင်သည်။ လွန်ခဲ့သော ၁၃ နှစ်က ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း ၉ ဖွဲ့ တွေ့ဆုံကြပြီးနောက် လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (HRDCC) အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ယခုအခါ တွင်မူ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုအချိန် ကမြန်မာနိုင်ငံသည် ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်အောက်တွင် ရောက်ရှိနေပြီး ဒေါ်အောင်ဆန်း စုကြည်မှာလည်း နေအိမ်အကျယ်ချုပ်အဖြစ် ၁၀ နှစ်ထဲ ရောက်ရှိနေချိန်ဖြစ်သည်။ ထောင်နှင့် ချီသည့် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းခံရေပြီး စစ်တပ်၏ ဆယ်စုနှစ်နှင့်ချီသည့် တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုများလည်း ဆက်လက်ကျူးလွန်နေချိန်ဖြစ်သည်။

မြန်မာ့တပ်မတော်မှ တအောင်း(ပလောင်) အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့် ရန် နှောင့်ယှက် စော်ကားခဲ့သည့်အပေါ် မိမိတို့ တအောင်းကျောင်သားနှင့် လူငယ်များအဖွဲ့နှင့် တအောင်းအမျိုးသမီးအဖွဲ့အစည်း၏ထုတ်ပြန်ချက်