August 2017

ငေါ့ချမ်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း

အစီရင်ခံစာ အနှစ်ချုပ် စိတ်ကို ညို့ယူဖမ်းစားနိုင်သည့် အလှတရားများနှင့် ဇီဝမျိုးကွဲ စုံလင်ပြီး ထောင်ပေါင်းများစွာသော ကချင်ဌာနေ တိုင်းရင်းသားဘိုးဘေးတို့၏ ဌာနစံပျော်ရာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ ငေါ့်ချမ်းခလွင်ပြင်သည် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများတို့မှ စီမံချက်ဖြင့် အကောင်အထည်ဖော်မည့် အကြီးစား ရေအားလျှပ်စစ်ထုတ်ရေ ကာတာလေးခု၏ ခြိမ်းခြောက်မှုအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါ ရေကာတာစီမံကိန်းများကို တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (International Coorperation and Development Corporation – YEIG)အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေပြီး လျှပ်စစ် ဓာတ်အားမီဂါဝပ် ၁၂၀ဝ ထုတ်လုပ်နိုင်ရေးအတွက် ဧရာဝတီမြစ်၏ အဓိက မြစ်လက်တက် တစ်ခု ဖြစ်သော မေခမြစ်၏ လက်တက်တစ်ခုဖြစ်သည့် ငေါ့်ချမ်းခမြစ်ကို ပိတ်ဆို့ရန် စီစဉ်နေကြသည်။ ငေါ့်ချမ်းခမြစ်ကို အခြေတည်ကာ ဖြစ်ပေါ်သော ငေါ့်ချမ်းခလွင်ပြင်သည် ချီဖွေနှင့်ဆော့လော်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာမှ ငေါ့်ချမ်း၊ လာချိတ်၊ လော်ဝေါ်နှင့် လီဆူဌာနေတိုင်းရင်းသား စုစုပေါင်း ၄၅၀ဝ ကျော်၏ ဘဝနေထိုင်မှုများကို အကျိုးပြု

ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ  သတင်းထုန်ပြန်ချက်

မြန်မာနိုင်ငံတွင်အချင်းချင်းစစ်ပွဲများ ဖြစ်ပွားနေခြင်းကို ချက်ခြင်းရပ်ဆိုင်းရန်လိုအပ်ကြောင်း ကချင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် မြန်မာအစိုးရတပ်၏ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများက မီးမောင်းထိုးပြနေပါသည်။

မြန်မာနိုင်ငံအလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ

ND-Burma အဖွဲ့ဝင်များသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လူ့အခွင့် အရေးချိုးဖောက်ခံရ၍ နစ်နာခဲ့ရသူ များ၏ လိုုလားချက်များကို မှတ်တမ်းတင် လျှက်ရှိသည်။ ရရှိလာသည့် အချက်အလက်များကို အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ (TJ) လုပ်ငန်းစဉ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်ခံရသူ များ၏ ဘဝပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့အကူအညီများပေးနိုုင်ရ န် ရည်ရွယ်၍ အစီရင်ခံစာတစောင် ပြုစုနေခြင်းဖြစ်သည်။