July 17, 2017

၂၀၁၇ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ ထုတ်ပြန်ချက်

၂၀၁၇ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ ထုတ်ပြန်ချက် ယနေ့ကျရောက်သည့် နိုင်ငံတကာ တရားမ ျှတမှုနေ့တွင် မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအ တွက် စတင်ပြောဆို ဆောင်ရွက်ရန် မြန်မာအစိုးရအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ တောင်းဆိုလိုက်သည်။ ND-Burma ၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ နိုင်ငံတဝှန်း ၁၃ နှစ်ကြာ လူ့အခွင့်အရေးမှတ်တမ်းတင်မှုများ ပြုလုပ် နေသည်။ မိမိတို့၏ ဒေတာဘေ့စ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၆၀ဝ၀ ကျော်ကို ထည့်သွင်း မှတ်တမ်း တင်ထားနိုင်သော်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရသူများအနေဖြင့် တရားမ ျှတမှုကို မည်သည့်အခါကမ ျှ ရရှိခြင်း(သို့မဟုတ်) ၄င်းတို့အပေါ် ချိုးဖောက်မှုများကြောင့် ခံစားရသည့် ဒုက္ခအဝ၀ကို အသိအမှတ်ပြု၊ စာနာ နားလည် လက်ခံမှုပင် မရှိသည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရအား ရွေးကောက်တင်မြှောက် ခံရချိန်တွင် မိမိတို့အနေဖြင့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် မလိုအပ်တော့ဟု ထင်မြင်ခဲ့ကြသည်။