June 25, 2017

ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့်် နိုင်ငံတကာနေ့

ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့်် နိုင်ငံတကာနေ့၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ညှင်းပန်းနှိပ်စက်မှုများပပျောက်ရေးနှင့် အသက်ရှင်ကျန်ရစ်သူများ၏ လိုအပ်ချက်များအတွက် ဆောင် ရွက်ပေးခြင်းသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့် လုပ်ငန်းဖြစ် သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ဝိမုတ္တတိ အမျိုးသမီးအဖွဲ့ (VWO)၊ အာရှတရားမျှတမှုနှင့် အခွင့်အရေး (AJAR) တို့မှ ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရန်နှင့် အသက်ရှင်သန် လွတ်မြောက်လာသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ပန်ကြားလိုက်သည်။ ND-Burma, AAPP, WLB, VWO နှင့် AJAR အဖွဲ့တို့က ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီ သည့် အခမ်းအနားတစ်ရပ်အား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ညနေ ၂နာရီမှ ၄ နာရီအထိ ပူးတွဲ စီစဉ်ကျင်းပကြပါသည်။ အခမ်းအနားတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်ရှင်လွတ်မြောက်လာသူများ၊ ၄င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသည့် လူထုအခြေပြုအဖွဲ့အစည်း များက အတွေ့အကြုံများ ဖလှယ်ဝေငှရန်နှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား