August 2016

စောကွယ်စေး (ခ) Kyaw Kweh ကွယ်လွန်သွားခြင်းအပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် Burma Issues မှ စောကွယ်စေး (ခ) Kyaw Kweh (၄၃နှစ်) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက် (တနင်္လာနေ့) နံနက် ၅ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။ စောကွယ်စေးသည် ၁၉၉၀ ခုနှစ် Burma Issues / Peace Way Foundation Burma စတင်ဖွဲ့စည်း ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး Country Coordinator, Planning Committee, Advocacy and Campaign Coordinator စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တွင်လည်း စတင်ဖွဲ့စည်းစဉ်ကတည်းက အစဉ်တစိုက် ပူးပေါင်းပါဝင်ခဲ့သူတဦးဖြစ်ပြီး စီမံအဖွဲ့ဝင်၊ အကြံပေးအဖွဲ့ဝင်၊ သင်တန်းနည်းပြ စသည့် တာဝန်များကို တက်ကြွစွာ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ (ဇန္နဝါရီ မှ ဇွန်လ ၂၀၁၆)

သတင်းထုတ်ပြန်ချက် ND-Burma မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည့်အပေါ် အစီရင်ခံစာထုတ်ပြန်ခြင်း ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ၂၀၁၆ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုကို

လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ

ယနေ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ရန်ကုန်မြို့တွင် ထုတ်ပြန်သည့် ဘားမားလင့်ခ်၊ မြန်မာ့အရေး

“လူမသိသူမသိဘဝများ - မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း

“လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဘားမားလင့်ခ်၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ နှင့် မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း တို့မှ “လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” ဟု အမည်ပေးထားသည့် အစီရင်ခံစာအသစ်အား ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းနယ်စပ်တစ်လျှောက် နေထိုင်နေကြသော ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် မွန်တိုင်းရင်းသားများ၏ ဆက်လက်စိုးရိမ်ပူပန်နေရမှုများအား အလေးပေးဖော်ပြထားပါသည်။ လတ်တလော ပြုပြင်ပြောင်းလဲမှုများသည် ယင်းအရှေ့တောင်ပိုင်းမှ အိုးအိမ်စွန့်ရွှေ့ပြောင်းဒုက္ခရောက်ရမှုများ၏ အကြောင်း တရားများကို အလုံအလောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို ဤအစီရင်ခံမှ တွေ့ရှိထားပါသည်။ နေ့ရက် – ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်။ အချိန် – နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ။ နေရာ –