2016

စောကွယ်စေး (ခ) Kyaw Kweh ကွယ်လွန်သွားခြင်းအပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် Burma Issues မှ စောကွယ်စေး (ခ) Kyaw Kweh (၄၃နှစ်) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက် (တနင်္လာနေ့) နံနက် ၅ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။ စောကွယ်စေးသည် ၁၉၉၀ ခုနှစ် Burma Issues / Peace Way Foundation Burma စတင်ဖွဲ့စည်း ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး Country Coordinator, Planning Committee, Advocacy and Campaign Coordinator စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တွင်လည်း စတင်ဖွဲ့စည်းစဉ်ကတည်းက အစဉ်တစိုက် ပူးပေါင်းပါဝင်ခဲ့သူတဦးဖြစ်ပြီး စီမံအဖွဲ့ဝင်၊ အကြံပေးအဖွဲ့ဝင်၊ သင်တန်းနည်းပြ စသည့် တာဝန်များကို တက်ကြွစွာ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ (ဇန္နဝါရီ မှ ဇွန်လ ၂၀၁၆)

သတင်းထုတ်ပြန်ချက် ND-Burma မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည့်အပေါ် အစီရင်ခံစာထုတ်ပြန်ခြင်း ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ၂၀၁၆ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုကို

လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ

ယနေ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ရန်ကုန်မြို့တွင် ထုတ်ပြန်သည့် ဘားမားလင့်ခ်၊ မြန်မာ့အရေး

“လူမသိသူမသိဘဝများ - မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း

“လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဘားမားလင့်ခ်၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ နှင့် မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း တို့မှ “လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” ဟု အမည်ပေးထားသည့် အစီရင်ခံစာအသစ်အား ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းနယ်စပ်တစ်လျှောက် နေထိုင်နေကြသော ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် မွန်တိုင်းရင်းသားများ၏ ဆက်လက်စိုးရိမ်ပူပန်နေရမှုများအား အလေးပေးဖော်ပြထားပါသည်။ လတ်တလော ပြုပြင်ပြောင်းလဲမှုများသည် ယင်းအရှေ့တောင်ပိုင်းမှ အိုးအိမ်စွန့်ရွှေ့ပြောင်းဒုက္ခရောက်ရမှုများ၏ အကြောင်း တရားများကို အလုံအလောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို ဤအစီရင်ခံမှ တွေ့ရှိထားပါသည်။ နေ့ရက် – ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်။ အချိန် – နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ။ နေရာ –

၂၀၁၆ ခုုနှစ်၊ ဇွန်လ ၂၆ ရက်။ ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့ ဖြစ်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်၊ မြန်မာနိုုင်ငံ (ND-Burma) အနေဖြင့် ကမ္ဘာတဝှန်းရှိ သိန်းနှင့်ချီ သည့် ညှဉ်းပန်းနှိပ်စက်ခံရသူများ၊ ၄င်းတို့၏မိသားစုဝင်များနှင့် သွေးစည်းညီညွတ်နှင့် ထောက်ခံပံ့ပိုးမှုကို ပြသလိုုက်ပါသည်။ ယခုလိုအခါသမယတွင် ညှဉ်းပန်းနှိပ်စက်မှုများ မြန်မာနိုင်ငံ၌ ဆက်လက် ကျူးလွန် ဖြစ်ပေါ်နေသည်ကိုု မီးမောင်းထိုုးပြရန် အရေးကြီးသည်ဟု မှတ်ယူပြီး၊ ထိုုသိုု့ကျူးလွန်မှုများ ရပ်တန့်စေရေး အတွက် အစိုုးရအနေဖြင့်လည်း အရေးယူဆောင်ရွက်မှုများ ချက်ခြင်းဆောင်ရွက်ရန် တောင်းဆိုုပါ သည်။ မြန်မာနိုုင်ငံတွင် နိုုင်ငံရေးအရ သဘောထားကွဲပြားသူများအပေါ် ဖိနှိပ်ရန်အတွက် မွေးရာပါ လူ့အခွင့်အ ရေး၊ လူ့ဂုုဏ်သိက္ခာအား လေးစားလိုက်နာခြင်း မရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုကို လက်နက်သဖွယ် အသုံးပြု နေဆဲဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နစ်နာခဲ့ရသူများ၏၊ စိတ်ပိုင်းနှင့် ရုပ်ပိုုင်းဆိုင်ရာအပေါ် ရှည် ကြာသည့် ဆိုးကျိုး၊ သက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အပြင် နာတာရှည် စိတ်ဒဏ်ရာများ ခံစားရသည် ကိုလည်း မကြာခဏတွေ့ရသည်။

​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း​ကွန်​ရက်​မှ Reparations workshop ​ကို ​မေ​လ ၃၁​ရက်​နေ့​မှ ​ဇွန်​လ ၁​ရက်​နေ့​အ​ထိ ​ပြု​လုပ်​ကျင်း​ပ​ခဲ့​ပါ​သည်။ ​ကွန်​ရက်​အ​ဖွဲ့​ဝင် ​အ​ဖွဲ့​အ​စည်း​အ​ပြင် ၈၈ ​မျိုး​ဆက် ​ပွင့်​လင်း​လူ့​အ​ဖွဲ့​အ​စည်း (88 generations and Open Society)၊ ​က​ရင်​လူ့​အ​ခွင့်​အ​ရေး​အ​ဖွဲ့ (Karen Human Rights Group)၊ ​အာ​ရှ​တ​ရား​မ ျှ​တ​မှု​နှင့် ​လူ့​အ​ခွင့်​အ​ရေး​အ​ဖွဲ့ (Asia Justice and Human Rights), Wimutti Volunteer Group (WVG), Open Myanmar Initiative, (OMI), Genuine People’s Servants (GPS) ​တို့ ​မှ ​လူ​ဦး​ရေ ၃၃​ဦး​တက်​ရောက်​ခဲ့​ကြ​သည်။ ​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ ​ပြု​လုပ်​ရ​ခြင်း​ရည်​ရွယ်​ချက်​မှာ ​ပြန်​လည်​ကုု​စား​မှု (Reparations) ​လုုပ်​ဆောင်​နိုုင်​မည့် ​ချိုး​ဖောက်​မှု ​အ​မျိုး​အ​စား​များ​ရွေး​ချယ်​ခြင်း၊ ​ဦး​စား​ပေး​ရွေး​ချယ်​ရ​မည့် ​နစ်​နာ​ခဲ့​ရ​သူ​များ (​အ​ကာ​အ​ကွယ်​မဲ့​သူ​တွေ၊ ​ကန့်​သတ်​ခံ​အုုပ်​စု) ​အ​စိုုး​ရ​မ​ဟုုတ်​သော​အ​ဖွဲ့​အ​စည်း​များ​၏ ​လက်​ရှိ​အ​ကူ​အ​ညီ​ပေး​နေ​မှု​များ​အား​ထိ​ရောက် ​အောင် ​ဆောင်​ရွက်​ခြင်း၊ ​ပြန်​လည်​ကုု​စား​ရေး​နှင့် ​ပတ်​သက်​ပြီး​အ​စီ​အ​စဉ်​များ​ရေး​ဆွဲ​ခြင်း​နှင့် ​အ​ကောင်​အ​ထည် ​ဖော်​ရာ​တွင် ​လိင်​ကွဲ​ပြား​မှု​အ​ပေါ် ​ထည့်​သွင်း​စဉ်း​စား​ခြင်း၊ ​တ​ခြား​လမ်း​ညွှန်​မှု​များ

လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (ND-Burma) ၏ ၃၀ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၆ ခုနှစ် မေလ၊ ၂၇ရက်နေ့မှ ၃၀အထိ ပြုလုပ်ကျင်းပခဲ့ရာ အဖွ့ဲဝင် အဖွဲ့အစည်းနှင့် ဆက်စပ်အဖွဲ့အစည်း စုုစုုပေါင်း ၁၄ဖွဲ့တိုု့မှ၊ ကိုုယ်စားလှယ် ၂၇ဦး တက်ရောက်ခဲ့ကြပါသည်။ ကွန်ရက်အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကွန်ရက်ကို စနစ်တကျ ပြန်လည်သုံးသပ်ရန်၊ အနာဂါတ်တွင် ကြုံတွေ့လာနိုုင်ရသည့် အခွင့်အလမ်းများ စိန်ခေါ်မှုများအား သုံးသပ်ပြီး အဖွ့ဲအစည်းရှေ့လုပ်ငန်းစဉ်များကိုု မဟာဗျူဟာကျကျ ချမှတ်နိုုင်ရန်၊ ဖြစ်ပါသည်။ အစည်းအဝေးထဲတွင် အဖွဲ့အစည်းမှ ၁၀လတာ ကွန်ရက်နှင့်ဆက်စပ်သည့် လှုပ်ရှားမှုအစီရင်ခံစာ၊ ၁၀လတာ ကာလတွင် အားကောင်းချက်၊ အောင်မြင်မှု၊ အနည်းချက်၊ အခက်ခဲ၊ အခွင့်အလမ်းနှင့် စိန်ခေါ်ချက် စသည့်တို့ကို ပြန်လည်သုံးသပ်ခြင်း များပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ကွန်ရက်၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ရေရှည်၊ ရေတိုရည်ရွယ်ချက် အဖွဲ့ဝင် အဖွဲ့အစည်း စံသတ်မှတ်ချက်နှင့် ဝန်ထမ်း တာဝန်ဝတ္တရားများကို ပြင်ဆင်ဖြည့်စွက် အတည်ပြုခဲ့ကြသည့်အပြင် မိမိတို့ ရှေ့လုပ်ငန်းစဉ် ပိုမို တိုးတက်လာစေရေးအတွက် တက်ရောက်လာသော ကိုယ်စားလှယ်များမှ တက်တက်ကြွကြွ

​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း

​သ​တင်း​ထုတ်​ပြန်​ချက် ​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း​ကွန်​ရက်-​မြန်​မာ​နိုင်​ငံ (ND-Burma) ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း ​ရက်​စွဲ။ ။ ၂၀၁၆ ​ခုု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ၊ ၂၉  ​ရက်။ ၂၀၁၅ ​ခုု​နှစ် ​ဇန်​န​ဝါ​ရီ​မှ ​ဒီ​ဇင်​ဘာ​အ​ထိ ​မြန်​မာ​နိုုင်​ငံ​အ​တွင်း ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု ၈၄ ​ခု​ကို ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​ကို ​ယ​နေ့​ထုတ်​ပြန်​လိုက်​သည်။