June 8, 2015

အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် - အလွတ်သဘောအမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး

သတင်းထုတ်ပြန်ချက် နေ့စွဲ။ ။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက် အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည် ကုစားပေးရန်အတွက် တင်ပြထားသည့် အစီရင်ခံစာသစ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်လိုက်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ အသစ်ထုတ်ဝေလိုက်သည့် “အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် – အလွတ်သဘောအမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ ခံစားရမှုများအား အသိအမှတ်ပြု ရန်နှင့် ၄င်းတို့၏ လိုအပ်ချက်များကို ပြန်လည်ကုစားပေး ရေး မူဝါဒများမှတဆင့် ထုတ်ဖော်၊ ဖြည့်ဆည်းပေး ရန် အဓိကထား တင်ပြထားသည်။ ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း အစိုးရတပ်များက ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေသည့် အကျဉ်းရုံး သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် လယ်ယာမြေသိမ်းပိုက်ခြင်း ကိစ္စများကို အဓိကထား တင်ပြထားသည်။ အဆိုပါ ချိုးဖောက်မှု သုံးခုနှင့်ပတ်သက်ပြီး တိ ကျသည့် ဆွေးနွေးမှုများ စတင်ဆောင်ရွက် ရန်နှင့် နစ်နာခဲ့သူများအတွက် အစိုးရအနေဖြင့်