2015

လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးလာနေသည့် အချိန်ကာလတွင် မြန်မာအစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရန်မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် နှိပ်ကွပ်နေခြင်းအား ရပ်တန့်ရန်သာ ဖြစ်သည်။ (ရန်ကုန်မြို့ -၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့) မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား ပစ်မှတ်ထား ဖိနှိပ်ခြင်း၊ ချုပ်ခြယ်ခြင်း၊ နှိပ်ကွပ်ခြင်းနှင့် လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော် ခြင်း မပြုနိုင်ဘဲ အသံတိတ်သွားစေရန်

ကျောင်းမုခ်ဦးနံရံတွင် ဆေးမှုတ်ရေးသား ဆန္ဒပြတောင်းဆိုခဲ့သော ကျောင်းသားများ လွတ်မြောက်ရေး အေအေပီပီနှင့် FPPS မှ တောင်းဆို

ရက်စွဲ- ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် မန္တလေးမြို့ အိုးဘိုထောင်၌ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် ဖမ်းဆီးခံကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ဉာဏ်လင်းထက် တို့နှင့်စပ်လျဉ်းပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) မှ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ထိုကျောင်းသားလေးဦးတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အာမခံလျှောက် ထားရာ ပါယ်ချခံခဲ့ရပြီး ထိုသို့ပါယ်ချခံခဲ့ရသည့်အတွက် ၎င်းတို့ကျောင်းသား လေးဦးထဲမှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေ အစာငတ်ခံဆန္ဒပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံရခြင်းဖြစ်ကြောင်း မိမိတို့သိရှိရပါသည်။ မန္တလေးမြို့ ရတနာပုံတက္ကသိုလ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) အဖွဲ့ဝင် လေးဦးတို့သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းမုခ်ဦးအရှေ့၌ နံရံမှုတ်ဆေးများ အသုံးပြုပြီး “အမျိုးသား ပညာရေးဥပဒေ အလိုမရှိ” “သာယာဝတီအကျဉ်းထောင်အတွင်း ဖမ်းဆီးထားသော ကျောင်းသားများအား ချက်ခြင်းလွှတ်” “စစ်တစ်ပိုင်း အစိုးရ ကျဆုံးပါစေ” စသည့်တောင်းဆိုချက်များ ရေးသားခဲ့သည့်အတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ Martus ခေါ် သတင်းအချက်အလက် သိမ်းဆည်း သိုမှီးသည့် စံနစ်အကြောင်း သင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပခဲ့သည်။ သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ရက်ကြာကျင်းပသည့် သင်တန်းသို့ ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် မဟာမိတ် အဖွဲ့အစည်းများဖြစ်ကြသည့် TWU, TWO, TSYO, AASYC, FPPS, HRDP, KDNG နှင့် UNDO တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၁ ဦး တက်ရောက်လေ့လာကြသည်။ သင်တန်းတွင် ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် AAPP မှ ကိုဇော်မိုး က အဓိကဦးဆောင် ဆွေးနွေး သင်ကြားသွားသည်။ သင်တန်းတွင် Martus Software အား မိတ်ဆက်ရှင်းပြခြင်း၊  ND-Burma မှ အသုံးပြုနေသည့် အချက်အလက် ထည့်သွင်းသည့် ပုံစံ (Template)၊ ND-Burma ၏ martus data form,  martus software

ရက်စွဲ၊ ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၉၆၆ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုလည်း ဖေါ်ပြပါရှိသည်ကို တွေ့ရပါသည်။အထက်ပါ ရည်ရွယ်ချက်များဖြင့် အကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသော တိုင်းရင်သားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို အဓိက ဦးစားပေးလွှတ်ပေးရမည်ဖြစ်သည်။ သို့သော်လည်း လွတ်မြောက်အကျဉ်းသား ၇၀ဝ၀ နီးပါးတွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာပါဝင်သည်မှာ အလွန်နည်းပါသော အရေအတွက်ဖြစ်သည့်အပြင် ရည်ရွယ်ချက်နှင့် ဆန့်ကျင်လျှက်ရှိနေပေသည်။နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် ဆိုပြီး တိုင်းပြည်သံယံဇာတ များအား ခိုးယူခဲ့သည့် သစ်ခိုးဂိုဏ်းကြီးမှ ၁၅၅

နေ့စွဲ  ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်။ အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေးချိုးဖာက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည်ကုစားရန် တင်ပြထားသည့် အစီရင်ခံစာသစ်အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ သတင်းစာရှင်း လင်းပွဲပြုလုပ် ဖြန့်ချိလိုက်သည်။ အသိအမှတ်ပြုရန် နှင့် ပြုပြင်ရန် ‘’အလွတ်သဘော အမှန်တရားပေါ်ပေါက်ရေးစီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာကို ဇွန်လ ၁၁ရက်နေ့က

အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် - အလွတ်သဘောအမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး

သတင်းထုတ်ပြန်ချက် နေ့စွဲ။ ။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက် အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည် ကုစားပေးရန်အတွက် တင်ပြထားသည့် အစီရင်ခံစာသစ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်လိုက်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ အသစ်ထုတ်ဝေလိုက်သည့် “အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် – အလွတ်သဘောအမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ ခံစားရမှုများအား အသိအမှတ်ပြု ရန်နှင့် ၄င်းတို့၏ လိုအပ်ချက်များကို ပြန်လည်ကုစားပေး ရေး မူဝါဒများမှတဆင့် ထုတ်ဖော်၊ ဖြည့်ဆည်းပေး ရန် အဓိကထား တင်ပြထားသည်။ ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း အစိုးရတပ်များက ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေသည့် အကျဉ်းရုံး သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် လယ်ယာမြေသိမ်းပိုက်ခြင်း ကိစ္စများကို အဓိကထား တင်ပြထားသည်။ အဆိုပါ ချိုးဖောက်မှု သုံးခုနှင့်ပတ်သက်ပြီး တိ ကျသည့် ဆွေးနွေးမှုများ စတင်ဆောင်ရွက် ရန်နှင့် နစ်နာခဲ့သူများအတွက် အစိုးရအနေဖြင့်

မြန်မာနိုင်ငံအတွင်းစစ်တပ်မှ ပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (ND-Burma) ၏အစီရင်ခံစာ သတင်းထုတ်ပြန်ချက် ၂၀၁၅၊ မတ်လ ၁၀ ရက် ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်ဖြစ်သည့် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအနက်မှ ၁၀၇ ခုကို